တနိုင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

တနိုင်း မတ် ၈

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် (၉)နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်၊ တနိုင်းမြို့၌ စာစစ်ဌာန(၂)ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ စာစစ်ဌာန(၂)ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

တနိုင်းမြို့နယ် အ-ထ-က(၁) စာစစ်ဌာန(အပြင်ဖြေ)နှင့် အ-ထ-က-ရှင်ဗွေယန် စာစစ်ဌာန (အပြင်ဖြေ)တွင် စာရင်းရှိ ကျား(၁၄၄)ဦးနှင့် မ(၂၃၃)ဦး စုစုပေါင်း (၃၇၇)ဦးရှိပြီး ဝင်ရာက် ဖြေဆို ကျား (၁၃၃)ဦးနှင့် မ(၂၂၇) ဖြေဆိုသူပေါင်း (၃၆၀)ဦးနှင့် ပျက်ကွက်သူ ကျား (၁၁)ဦးနှင့် မ(၆)ဦး ပျက်ကွက်သူပေါင်း (၁၇)ဦးရှိသည်။

တနိုင်းမြို့နယ်တွင် အ-ထ-က(၁) စာစစ်ဌာန(အပြင်ဖြေ)နှင့် အ-ထ-က-ရှင်ဗွေယန် စာစစ်ဌာန (အပြင်ဖြေ) တွင်  ဖြေဆိုသူပေါင်း ၉၅.၄၉ ရာခိုင်နှုန်းနှင့် ပျက်ကွက်သူ ၄.၅၁ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မလိုလားအပ် သော ကိစ္စရပ်များမဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များ မဖြစ်ပေါ် စေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အဆင်ပြေစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အာင်စိုး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ လိုအပ်ချက် များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မနောမြေ(တနိုင်း)