လမ်းမတော်မြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

လမ်းမတော်   မတ်   

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော် မြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီ က မြန်မာစာ စာမေးပွဲ စတင်ဖြေဆိုကြောင်း သိရသည်။

လမ်းမတော်မြို့နယ် စာစစ်ဌာနတွင် မြန်မာစာဖြေဆိုမည့် စာရင်းရှိ ကျောင်းသား (၉၉) ဦး၊ ကျောင်းသူ (၁၁၆)ဦး၊ စုစုပေါင်း (၂၁၅)ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား (၈၄)ဦး၊ ကျောင်းသူ (၉၇)ဦး စုစုပေါင်း (၁၈၁)ဦး ဖြေဆိုကြရာ ၈၄ဒသမ ၁၈ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ကျောင်းသား (၁၅)ဦး၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၃၄)ဦးရှိရာ ပျက်ကွက် ၁၅ဒသမ၈၂ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဆရာ/ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်