Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်…
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က ကျောက်ပုံကျေးရွာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Mar 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မန့်ဟီးရိုးမြို့၌ ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်က ငါးရက်တစ်ကြိမ်ဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Mar 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများ ဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အထောင်မူလတန်းကြို ကျောင်းသား ကျောင်းသူလေးများ၏ ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပပြုလုပ်
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို အဆိုပါကျောင်း၌ မတ်လ ၂၀ ရက် နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် နွေရာသီအားကစား သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာ၌ အာတာလွတ်ဥ ခေါ် ကလဝါးဥများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာသည် ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် တည်ရှိ၍ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏အရှေ့ဘက်ကိုင်းမြေ ၁ ဧကရှိ ခြံထဲတွင် အာတာလွတ်ဉ ဒေသအခေါ် ကလဝါးဉပင်များ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကလဝါးဉပင်များ စိုက်ပျိုးရောင်းချသူ လေးအိမ်စုကျေးရွာမှ တောင်သူ ဦးလှရွှေထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တစ်ပိုင်တစ်နိုင် လက်ဘက်ချဉ်ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်(၉)နာရီအချိန်က တစ်ပိုင် တစ်နိုင် လက်ဘက်ချဉ် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12886
Page
12887
Page
12888
Page
12889
Current page
12890
Page
12891
Page
12892
Page
12893
Page
12894
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department