Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကင်ပွန်းချဉ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံအချို့မှာ ကင်ပွန်းချဉ်ပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် မိသားစုအား အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော လမ်း/တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Mar 20,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ကြံ့ခိုင်မှုအားမရှိသည့် ရေပြွန်(၂)ပြွန်နှင့် Box Culvert တံတား(၁)စင်းအား ခံနိုင်ဝန်အားရှိမ…
Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဟံမြင့်မိုရ်-မင်းစုလမ်းတွင် ကြံ့ခိုင်မှုအားမရှိသည့် ရေပြွန်(၂)ပြွန်နှင့် Box Culvert တံတား(၁)စင်းအား ခံနိုင်ဝန်အားရှိမည့် Box Culvert တံတားများ ပြန်လည်ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအတွက် အားကစားပြိုင်ပွဲများ ကျင်းပ
Mar 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အားကစားပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ နတ်စင်တစ်ရာဆရာတော်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ဆက်ကပ်ပူဇော်
Mar 20,2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ သန်လျင်မြို့နယ်၊ နတ်စင်တစ်ရာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇ အရှင်သူမြတ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Mar 20,2023
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Mar 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်စောင့်ကျေးရွာသို့ဝေမျှခြင်းပရ ဟိတမိသားစုက ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့နယ် တောင်းဇင်းအုပ်စုရှိ ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေမှုအခြေအနေများ၊ စိုက်ခင်းများသို့ရေရောက်ရှိမှုအခြေအနေများအား တာဝန်ရှိသူတို့မှကွင်းဆင်းကြည့်ရှု
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြစ်ရေတင်လုပ်ငန်းမှရေပေးဝေမှုအခြေအနေများ၊ စိုက်ခင်းများသို့ရေရောက်ရှိမှုအခြေအနေများအား တာဝန်ရှိသူတို့မှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12883
Page
12884
Page
12885
Page
12886
Current page
12887
Page
12888
Page
12889
Page
12890
Page
12891
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department