မိုးမိတ်မြို့နယ်တွင် အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးမိတ် မတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် နွေရာသီအားကစား သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထူးတန်းပွဲကြည့်စင်နှင့်နွေရာသီအားကစားသင်တန်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော် ဝင်းလှိုင်၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသုခနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်က နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များအနေဖြင့်  အားကစားနည်းအခြေခံများကိုလေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်လူ့ကျင့် ဝတ်ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေဖို့နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်လာစေရန်  အားကစားနည်းအလိုက် နည်းစနစ်မှန်ကန်စွာ သိရှိတတ်ကျွမ်းလာစေရန်၊ နိုင်ငံတော်မှအားထားရသည့် မျိုးဆက်သစ်အားကစားမောင်မယ်များ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့ နွေရာသီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်ကအားကစားအဖွဲ့များအား အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင် က နည်းပြဆရာများအား နည်းပြဝတ်စုံများ ပေးအပ်ခဲ့ရာ အားကစားအဖွဲ့နည်းပြဆရာများက လက်ခံရယူခဲ့ကာ ဘောလုံးအခြေခံအားကစာနည်းတွင် သင်တန်းသား ၃၀ ဦး၊ ဘောလီဘော အခြေခံအားကစား နည်းတွင် သင်တန်းသား ၁၀ ဦး၊ ပိုက်ကျော်ခြင်း အခြေခံအားကစာနည်းတွင် သင်တန်းသား ၁၀ ဦး၊ စားပွဲတင်တင်းနစ်အခြေခံအားကစာနည်းတွင် သင်တန်းသား ၁၅ ဦး၊ ကြက်တောင် အခြေခံအားကစား နည်းတွင် သင်တန်းသား ၁၀ ဦး၊ အေရိုးဗစ်(Fitness Dance) အခြေခံအားကစာနည်းတွင် သင်တန်းသား ၂၀ ဦး တို့ တက်ရောက်သွားမည်ဖြစ်ပြီးသင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)