အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် အထောက်အကူရရှိပြီး ပိုမို၍ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွန်ထားရှိမှုနှင့်အညီ တွံတေးမြို့နယ်အတွင်းရှိ တူးချောင်းကြီးကျေးရွာအုပ်စုနှင့် ခတ္ထိယကျေးရွာအုပ်စုတို့မှ ငါးမွေးမြူသူများအား ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် တူးချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
Mar 20,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဩဝါဒါစရိယနာယက ဆရာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
Mar 20,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သံဖြူဇရပ်မြို့နယ် မွန်ဓမ္မာရုံခန်းမ၌ ကျင်းပခဲ့သည်။
Mar 20,2023
သံတွဲမြို့ အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်မင်းကိုကို ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သံတွဲမြို့အတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။
Mar 20,2023
ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းဘုရားလမ်းရှိ ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ယမန်နေ့နံနက်ပိုင်းအချိန်က စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုတင်လှူပေးခဲ့သည်။
Mar 20,2023
ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ပြီး ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစ စနစ်တကျ ရေးဆွဲတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီ ပညာသင်တန်းကို မတ်လ ၁၈ ရက်နေ့မှ စတင်ကာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။