နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်  မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နတ်မောက် မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့ နံနက် (နာရီအချိန်ခန့်က ကျောက်ပုံကျေးရွာသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ပုံကျေးရွာများရှိ ကျေးရွာကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု၊ စာရင်းဇယားထိန်းသိမ်းမှုများနှင့် စီမံကိန်းရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းဖြင့် ကျောက်ပုံကျေးရွာတွင် ငွေကျပ် (၈ ဒဿမ ၇) သန်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၈)ဦး၊ ငွေကျပ် ၂၃ ဒဿမ ၁ သန်းဖြင့် မွေးမြူရေးလုပ်ကိုင်သူ (၆၈)ဦးနှင့်  ငွေကျပ် ဒဿမ သန်းဖြင့် အသက်မွေးဝမ်းကျောင်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၃)ဦးတို့မှ လုပ်ငန်းများ အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါကျေးရွာပေါင်း (၄၀) ရွာရှိ အိမ်ထောင်စုပေါင်း (၅၅၆၅) စုမှ ငွေကျပ်(၁၇၆၁ ဒဿမ ၇၄)သန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရထံမှ သိရသည်။

မူမူစန်း