ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပုဇွန်တောင် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက်  စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံသူ ၁၃ ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ ၈ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး(တတိယအကြိမ်) ၄၄ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး (စတုတ္ထအကြိမ်) ၁၁၄ ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး (ပဥ္စမအကြိမ်) ထိုးနှံသူ ၃ ဦးတို့အား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ် (ပြန်/ ဆက်)