မန့်ဟီးရိုး မတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မန့်ဟီးရိုးမြို့၌ ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်က ငါးရက်တစ်ကြိမ်ဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခန်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန်ခွန်းကောက်နုတ်ချက်များ၊ (၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊(၂၃.၃.၂၀၂၂) ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော “ပြည်သူချစ်တဲ့တပ်မတော်” ကဗျာနှင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်”၊ “အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ” စသည့် တပ်မတော်ကိုယ်စားပြု သတင်းစကားများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒေသခံမိဘပြည်သူများနှင့် လမ်းသွားလမ်းလာ အလုပ်သမားများကို (၇၈)နှစ်မြောက် တပ်မတော်နေ့ကို အစဉ်အောက်မေ့သတိတရရှိစေရန် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကားလက်ကမ်း စာစောင်များကိုအခမဲ့ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြပါ သည်။
မာမာ(မန့်ဟီးရိုး)