အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့်  ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည် ။
Mar 20,2023
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရန်၊ လူငယ်များအတွက် အထောက်အပံ့ဖြစ်စေမည့် အတတ် ပညာနှင့် အသိပညာများ တိုးပွားစေရန်နှင့် သင်တန်းမှရရှိသည့် အတတ်ပညာနှင့် အသိပညာတို့ဖြင့် လူငယ်များ လူမှုဘဝနယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ် သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Mar 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ ကြက်သွန်စိုက်ခင်များ စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
Mar 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီက အဆိုပါဈေးအတွင်း မြို့နယ်တာဝန်ရှိသူတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီ ကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာ အုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်မှုဖြင့်  မတ်လ ပထမပတ်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ယနေနံနက်ပိုင်းက ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
Mar 20,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် သိရိမင်္ဂလာရတနာသုခ(မြို့မ)ကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္ဒဩဇေယျမှ ကြီးမှူး၍ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍
Mar 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင်လည်း ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။