ထန်ပါခွေ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက်(၉)နာရီအချိန်က တစ်ပိုင်တစ်နိုင် လက်ဘက်ချဉ် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ထန်ပါခွေမြို့တွင် လက်ဘက်စိုက်ပျိုး (၆၀)ဧက စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာ လက်ဘက်ခြောက်ထုတ်လုပ်ခြင်းသာ ရှိ၍ ယခုကဲ့သို့ တစ်ပိုင်တစ်နိုင်လက်ဘက်ချဉ် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာ စကားပြောကြားပြီး ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက် ဦးစီးမှူး ဒေါ်ခင်သူဇာဦးက တစ်ပိုင်တစ်နိုင် လက်ဘက်ချဉ် ထုတ်လုပ်ခြင်းနည်းပညာအား လက်ဘက်စတင်ခူးချိန်မှ ဈေးကွက်သို့တင်ပို့ရောင်းချ နိုင်သည်အထိ လက်တွေ့သရုပ်ပြသ ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ထန်ပါခွေမြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စိတ်ပါဝင်စားသော ဒေသခံတောင်သူ(၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထန်ပါခွေ(ပြန်/ဆက်)