ကျုံပျော် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို အဆိုပါကျောင်း၌ မတ်လ ၂၀ ရက် နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦး၊ အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာန တာ၀န်ခံ ဒေါ်လဲ့ဝါလင်း၊ မူကြိုကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး အဖွဲ့များ၊ ကျောင်းသားမိဘများ၊ မူလတန်းကြိုကျောင်းသား ကျောင်းသူလေးများ အသီးသီး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ အထောင်မြို့ အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားသည်။ ထို့နောက် တာ၀န်ရှိသူများက မူလတန်းကြို ကျောင်းဆင်းမည့် အကြီးဆင့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများအား မူလတန်းကြို အကြီးဆင့်၊ အငယ်ဆင့် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြပြီ၊ အဆိုပါ ကျောင်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားသို့ စုစုပေါင်း အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)