လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

လဲချား မတ် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများ ဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်  (၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့် ဝန်ထမ်းများမှ မြို့နယ်စီမံကိန်းရုံးသို့ သွားရောက်ကာ သုတ၊ ရသစာအုပ်၊ စာစောင်များကို ဌာနဆိုင်ရာ ရုံးများသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)