တန့်ယန်း အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် မော်တော်ယာဉ် အသုံးပြုသူများအား အသိပညာပေးလုပ်ငန်းကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီး၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အရန်မီးသတ်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မော်တော်ယာဉ် အသုံးပြုသူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)