မောက်မယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော သိရိမင်္ဂလာမြို့လယ်ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပသော နေ့/ညအသံမစဲ (၂၇)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါသိရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့်လည်းကောင်း၊ အကျိုးတော် ဆောင်ဆရာတော်မှ ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ပြီး အဘိဓမ္မာဘာဏကဆရာတော်သံဃာ တော်များ၊ လူပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို (၃)ကြိမ်တိုင်တိုင် သံပြိုင်ရွတ်ဆိုခဲ့၍ ဓမ္မသင်္ဂဏီ ကျမ်းတော်မြတ်မှစတင်ကာ သံဃာတော်(၆)ပါး၊ ယောဂီ(၂၄)ဦးတို့ဖြင့် ရွတ်ဖတ်ပူဇော်ပြီး အဘိဓမ္မာ (၇)ကျမ်းအား တပေါင်းလကွယ်နေ့ အောက်တိုဘာလ(၁၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် နေ့/ညအသံမစဲ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)