ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး တောင်သူများအား နေကြာမျိုးစေ့ဖြန့်ဝေခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲပြုလုပ်

ချောင်းဆုံ အောက်တိုဘာ ၁၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့နံနက်က ဘိုးနက်ကျေးရွာခန်းမတွင် တောင်သူများအား နေကြာစိုက်ဧက (၁၀၀)ဧကအတွက် ရေဆင်း(၁)စပ် မျိုးနေကြာမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံက နေကြာအထွက်နှုန်း ကောင်းမွန်ရေးနှင့်စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးပေးခဲ့ပြီး ချောင်းဆုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရာသီ၌ စိုက်ပျိုးရန်လျာထားဧက (၃၁၇၀)ဧကအတွက် ပထမအကြိမ်ဖြင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးတွင် ဧက(၅၀၀)စာ မျိုးစေ့များရောက်ရှိပြီး ဘိုးနက်ကျေးရွာရှိ တောင်သူများအား ဧက(၁၀၀) စာကို ဖြန့်ဝေပေးခဲ့ပြီး တောင်သူများ နေကြာသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် လျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးနိုင်ရန်အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များအား  ကျန်ရှိသည့်ကျေးရွာများသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ (ပြန်/ဆက်)