ပင်းတယမြို့ Community Centre ခန်းမတွင် Youth Club စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပင်းတယ အောက်တိုဘာ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် Youth Club စာပေဝါသနာရှင်များ စုပေါင်း၍ အသိပညာပေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး  စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာ မားကပ်စ်ရေးသား

သည့် “ဆယ်တန်းမှ မအောင်ရင် ဘယ်နှတန်းမှ မအောင်သလိုပဲ” စာအုပ်ပါအကြောင်းအရာများအနက်မှ “ဝါသနာပါရာ ရွေးကြပါ”နှင့် “စာအလွတ်ကျက်ခြင်း ကောင်း-မကောင်း”အကြောင်းအရာများကို ဖတ်ရှုခဲ့ကြကာ ယခုစာအုပ်အနေဖြင့် လူငယ်လူရွယ်များ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းနှင့် မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)