မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဈေးရောင်းပွဲ‌‌တော် ကျင်းပ

မိုင်းစံ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲ‌ တော်ကို လူနေမှုဘဝအတွက် အရေးကြီးလှ‌သော ကျန်းမာရေးနှင့် သက်ဆိုင်သည့် (၁) ခန္ဓာကိုယ်ကြီးထွားစေသာ အစားအစာ (၂) အင်အားဖြစ်စသော အစားအစာ (၃) ရောဂါကို ကာကွယ်စေသော အစားအစားများဟူ၍ အစာအုပ်စု(၃)မျိုးကို ကျောင်းသား/ကျောင်းသူများ နားလည်သိရှိစရန်နှင့်  စည်းလုံးညီညွတ်မှုရှိစရန်၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်‌စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်ထံမှ သိရသည်။

ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ရောင်းချပေးသည့် အစားအစာများကို မြို့အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများမှ ခင်းကျင်းပြသထားသည့် ဈေးဆိုင်ခန်းများကို ကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများရောင်းချ ပေးသည့် အစား‌‌အ‌စာများ၊ အသီးအနှံများကို ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)