ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီး‌နှောဖလှယ်ပွဲ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပေါက်ခေါင်း      နိုဝင်ဘာ     ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးလက်ကျန်းမာရေးဌာနတွင် အထွေထွေရောဂါလူနာများအား ရောဂါစမ်းသပ်စစ်ဆေး၍ ဆေးကုသမှုပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု ကြည့်ရှုစစ်ဆေးပေးခြင်း၊ သားဆက်ခြားလုပ်ငန်းစဉ်ဆောင်ရွက်လိုသော မိခင်များအတွက် လက်မောင်းအတွင်း implant ထည့်သွင်းပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ တီဘီရောဂါသံသယလူနာများအား သလိပ်နမူနာယူ၍ဓာတ်ခွဲစစ်ဆေးပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရောဂါတွေ့ရှိမှုအပေါ်မူတည်၍ ဆေးဝါးများကို အခမဲ့ပေး၍ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့‌ကြောင်း သိရှိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)