ကျေးသီးမြို့၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်များ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်း ပွဲကို ယနေ့နံနက် ၉ နာရီက မြို့ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၃၁) ခြေလျင်တပ်ရင်းရုံးမှ ဗိုလ်ကြီးအာကာကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။