ချောင်းဆုံ နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် (၆၂) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ယနေ့နံနက် (၇)နာရီက ကွမ်သဲကျေးရွာ လမ်းမကြီးတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းကြီးလောင်းပွဲတော်တွင် ဒေသခံများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် အပါး(၁၇၅)ပါးကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခြင်း၊ စာရေးတံမဲဖောက် လှူဒါန်းခြင်းနှင့် ဆရာတော်၊ သံဃာတော်များကို နေအိမ်များသို့ ပင့်ဖိတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်မြတ် နာယူခြင်းများ ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းတွင် စတုဒိသာ မဏ္ဍပ်များဖြင့် ဧည့်ခံကျွေးမွေးခြင်းများကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)