ကျိုက်ထို နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလ)အခါတော်နေ့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နံနက်(၈)နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားမှ မြို့နယ်သာသနာ့ဗိမ္မာန် လမ်းတလျှောက် လောင်းလှူခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၅၅)ကျောင်းမှ ရဟန်း၊ သာမဏေ (၈၀၀)ကျော်နှင့် သီလရှင်အပါး(၂၀၀) ကျော်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများက စေတနာသဒ္ဒါ တရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)