ညောင်ဦး နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄) ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရွှေစည်းခုံစေတီတော်ဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပင့်သံဃာ (၇၁၄)ပါးတို့အား ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ကာကျင်းပပြုလုပခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှသိရသည်။
ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ စေတီတော်ပရဝုဏ်အတွင်းရှိ ရှင်အရဟံသိမ်တော်ကြီးအတွင်း သံဃာတော်အရှင်သူမြတ်များမှ အသံမစဲပဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့် (ယနေ့) နံနက် ၆ နာရီအချိန်တွင် စေတီတော်ကြီးအား ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပူဇော်ကြကာ နံနက် ၈ နာရီအချိန်တွင် ရွှေစည်းခုံစေတီတော်ဘုရားကြီး အင်္ဂါထောင့် မဏ္ဍပ်အတွင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော် သာမဏေအပါး (၇၁၄)ပါးတို့အားဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကာ ရွှေစည်းခုံစေတီတော်ကြီး၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ အစဉ်အလာရိုးရာမပြတ် ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း