သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက်များ ရည်မှန်းချက်များချပြရှင်းလင်းပွဲ ကံမမြို့နယ်၌ ပြုလုပ်
Nov 28,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချပြရှင်းလင်းပွဲကို သရက်ခရိုင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
တန်ဆောင်မုန်းလ ပြည့်နေ့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင် ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ပွဲပြုလုပ်
Nov 28,2023
မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ ×၆၆လမ်းကြား၊ ၁၀×၁၂လမ်းကြားရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင် ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်အား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား တက်ရောက်
Nov 28,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ယမန်နေ့နံနက်ပိုင်းက ကျိုက်တမော့လဲ့စေတီ ရင်ပြင်တော်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မက်မန်းမြို့၌ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ မီးပုံးများလွှင့်တင်၍ တန်ဆောင်တိုင်ပွဲတော်အား အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့တွင် တန်ဆောင်တိုင်ပွဲတော်အား ဌာနဆိုင်ရာများနှင့် ဒေသခံများပါဝင်၍ အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာဖြင့် အဘယကုန်းမြေလာဘမုနိစကြာရုပ်ပွားတော်နှင့် နဂါးရုံဘုရားရင်ပြင်တော်တွင်  ယမန်နေ့ညက ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ အမျိုးသားနေ့ပေါ်ပေါက်လာပုံနှင့် အမျိုးသားနေ့နှင့်ပတ်သတ်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ
Nov 28,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ဆည်ခရိုင်၊ ပုလိပ်မြို့နယ်(ခွဲ)နှင့် ကူမဲမြို့နယ်(ခွဲ)များတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့နယ်(ခွဲ)နှင့်မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်(ခွဲ)များတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်
Nov 28,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စို့”ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က (ဂန့်ဂေါ) ကျောင်း၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြသည်။