ဂန့်ဂေါ နိုဝင်ဘာ ၂၈
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စို့”ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က (ဂန့်ဂေါ) ကျောင်း၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် (၁၀) ဦးနှင့် အထက်တန်းအဆင့်(၁၀)ဦး စုစုပေါင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)