မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်အား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

ချောင်းဆုံ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ယမန်နေ့နံနက်ပိုင်းက ကျိုက်တမော့လဲ့စေတီ ရင်ပြင်တော်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဦးစီးပဓါနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီးထံ ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာ မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကာ အနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပြီး အလှူတော်အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုခဲ့ကြောင်းသိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)