တံတားဦး နိုဝင်ဘာ ၂၈
တံတားဦးခရိုင် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မေစံပယ်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင်က အမျိုးသားယဉ်ကျေးမှုစရိုက်များ ထိန်းသိမ်းရေးအကြောင်းပြောကြားရာတွင် ယဉ်ကျေးမှုစရိုက် ထိန်းသိမ်းရေးသည် အလွန်အရေးကြီးပါကြောင်း၊ ယဉ်ကျေးမှုစရိုက် မပျောက်မပျက်ရေးအနေဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်ပါကြောင်း သို့မှသာ မိမိတို့ယဉ်ကျေးမှု ထွန်းကားလာမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးများ ပျောက်မည်ဖြစ်ကြောင်း ကျောင်းသား/သူများ သိရှိနိုင်ရေး အကျယ်တဝင့်ပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)