သတင်းများ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၏ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်
Nov 28,2023
မြန်မာနိုင်ငံ၏ တိပိဋကဓရ၊ တိပိဋကကောဝိဒ စာမေးပွဲလောကတွင် အအောင်မြင်ဆုံး ကျောင်းတိုက်အဖြစ် ရပ်တည်လျက်ရှိသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၏ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို အဆိုပါကျောင်းတိုက်၌ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
သရက်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဆင်ဖြူတော်ဘုရားကြီးတွင် ဆီမီးတစ်ထောင်ပူဇော်
Nov 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်၊ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ည(၇)နာရီက တန်ဆောင်မုန်းလပြည့်နေ့ ဆင်ဖြူတော် ဘုရားကြီးတွင် ဆီမီးတစ်ထောင်ပူဇော်သူများ၊ ဘုရားဖူး ပြည်သူများနှင့် စည်ကားလျက်ရှိသည်။
သရက်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဆင်ဖြူတော်ဘုရားကြီးတွင် ဆီမီးတစ်ထောင်ပူဇော်
Nov 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်၊ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ည(၇)နာရီက တန်ဆောင်မုန်းလပြည့်နေ့ ဆင်ဖြူတော် ဘုရားကြီးတွင် ဆီမီးတစ်ထောင်ပူဇော်သူများ၊ ဘုရားဖူး ပြည်သူများနှင့် စည်ကားလျက်ရှိသည်။
သရက်မြို့၌ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
သာကေတမြို့နယ်ရှိ ၁၀၈-တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်တွင် ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 28,2023
သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ - တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ဆက်ကပ်မြဲဖြစ်သော ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီက အဆိုပါ စေတီတော်မြတ်၌ ကျင်းပပြုလုပ် ဆက်ကပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ မ‌နော်ဟရီလမ်း၊ ၆၇ - ၆၈ လမ်းကြား‌တွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ ကုန်‌ခြောက်နှင့်အသီးအရွက်များကို ပြင်ပပေါက်စျေးများထက် အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒိသာ လှူဒါန်းကျွေးမွေးသူ များပြား
Nov 28,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ စတုဒိသာ လှူဒါန်းကျွေးမွေးသူ များပြားပြီး ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ
Nov 28,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။