ကျောက်ဆည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့နယ်(ခွဲ)နှင့်မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်(ခွဲ)များတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းဖြင့် တစ်ပိဿာငွေ(၄၉၉၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီ(၄၄၀)ပိဿာအား ပုလိပ်မြို့နယ် (ခွဲ)ရှိပြည်သူများအတွက် ပုလိပ်-တံတားဦးကားလမ်း၊ ဈေးသစ် ရပ်ကွက်၊ ငွေပင်လယ်စားသုံးဆီအရောင်းဆိုင်မှ ဈေးနှုန်းချိုသာစွာဖြစ်တစ်ပိဿာငွေ (၅၄၂၆) ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ကူမဲမြို့နယ်(ခွဲ)ရှိပြည်သူများအတွက် ကူမဲမြို့ဈေးတောင်ဘက် တိုက်တန်း နယူးဖန်စီ စားသုံးဆီအရောင်းဆိုင်မှ ငွေကျပ်(၅၄၂၆)ကျပ်ဖြင့် စားသုံးဆီ(၄၄၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)