ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ - ၆၈ လမ်းကြားတွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ ကုန်ခြောက်နှင့်အသီးအရွက်များကို ပြင်ပပေါက်စျေးများထက် အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။