မက်မန်း နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့တွင် တန်ဆောင်တိုင်ပွဲတော်အား ဌာနဆိုင်ရာများနှင့် ဒေသခံများပါဝင်၍ အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာဖြင့် အဘယကုန်းမြေလာဘမုနိစကြာရုပ်ပွားတော်နှင့် နဂါးရုံဘုရားရင်ပြင်တော်တွင် ယမန်နေ့ညက ကျင်းပခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင်ပွဲတော်ရက်များတွင် အဘယကုန်းမြေပေါ်ရှိ တည်ထားကိုးကွယ်သော အောင်တော်မူလာဘစကြာမုနိဘုရားနှင့် နဂါးရုံဘုရား ရင်ပြင်တော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဒေသခံ ပြည်သူ များပူးပေါင်းပြီး ဆုတောင်းမေတ္တာပို့ကြကာ ဆီမီး (၂၂၀၀) အားဆက်ကပ်ပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများဖောက်၍ တိုင်ဆောင်တိုင်ပွဲတော်အား အေးချမ်းပျော်ရွှင်စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)