သတင်းများ

စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီနှင့် ကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 28,2023
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်နှင့် မုလအိကျောင်း တိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲအား ယမန်နေ့ နံနက်ပိုင်းအချိန်က စုကလိမြို့ တာနောထကျေးရွာ မုလအိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမတွင် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊  အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်း‌ဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများ ရှိလာစေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၈၆) ကြိမ်မြောက် စာရေးတံမဲ၊ မဟာဒုတ် မဲလှူဒါန်းခြင်းနှင့် အရှေ့ဘက်မုခ်ဦးပြသာဒ် ရွှေထီးတော်လှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ၏ ၁၃၈၅ ခုနှစ် (၈၆) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့် စာရေးတံမဲ၊ မဟာဒုတ်မဲ လှူဒါန်းခြင်းနှင့် အရှေ့ဘက်မုခ်ဦးပြသာဒ်ရွှေထီးတော် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တောင်သူများ လယ်ယာလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးပွဲနှင့် သရုပ်ပြသမှု ဆောင်ရွက်
Nov 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား  အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက သဖန်းကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ တောင်သူများ လယ်ယာလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် စာဖတ်ဝိုင်း ကျင်းပ
Nov 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စာပေဖတ်ရှုသူ အချင်းချင်း ရင်းနှီးထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် အသိပညာ ဖလှယ်နိုင်စေရန် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာရေးဆရာမ ခင်စောတင့်ရေး သားထားသော "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှိ(Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပ‌စေတီတော်၊ ရှေးဟောင်းခုနှစ်ဆူဘုရားနှင့်‌ အောင်တော်မူစေတီ (၂၀)ကြိမ်မြောက်တန်ဆောင်တိုင်ပွဲတော်နှင့် (၁၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 28,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်၊ ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၂၀)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့် (၁၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၄း၃၀)နာရီအချိန်က ဥက္ကလာပစေတီတော်၏အောင်မြေနေရာ၌ ကျင်းပခဲ့‌ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းဆီထွက်သီးနှံစီမံကိန်းအတွက် ဝယ်ယူကြိတ်ခွဲတင်ပို့သူ၊ သွင်းအားစုနှင့် တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ် ချုပ်ဆို
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများလူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်နိုင်ရန် ဝယ်ယူကြိတ်ခွဲ တင်ပို့သူ၊ သွင်းအားစုနှင့် တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Nov 28,2023
မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။