ကံမ နိုဝင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချပြရှင်းလင်းပွဲကို သရက်ခရိုင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့အား ဝန်ထမ်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရည်ရွယ်၍ အကျယ်တဝံ့ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)