ချောင်းဆုံမြို့နယ် ဈေးကွက်အတွင်းရှိ သောက်ရေသန့် အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်
Nov 28,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့ အမှတ် (၂) မြို့မဈေးနှင့် သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။