ကလိန်အောင် နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စာပေဖတ်ရှုသူ အချင်းချင်း ရင်းနှီးထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် အသိပညာ ဖလှယ်နိုင်စေရန် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာရေးဆရာမ ခင်စောတင့်ရေး သားထားသော "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှိ(Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က စာပေချစ်သူ (Book Club) အဖွဲ့ဝင်များကို စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး "စွန့်စားမှုဆီသို့ခြေတစ်လှမ်း"နှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ဆက်လက်၍ စာပေချစ်သူ (Book Club) အဖွဲ့ဝင်များက အဆိုပါစာအုပ်ကို ဖတ်ရှုလေ့လာခဲ့ကြပြီး စာပေချစ်သူ (Book Club) အဖွဲ့ဝင် ဦးလင်းသူရဖြိုးက "ရှင်သန်တိုးပွားချစ်ခြင်းတရာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဖြူဖြူထွန်းက "မွေးမေမေနဲ့ကျွေးဖေဖေ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်စစ်သွေးအောင်က ''အချိန်အခါကို သိပါ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မယွန်းဝတီခင်က "သန်းခေါင်ယံက ဖုန်းခေါ်သံ"ခေါင်းစဥ် ဖြင့်လည်းကောင်း အချင်းချင်း အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)