သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ
Nov 28,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မိုးပေါ်ကျဘုံကထိန် အလှူတော်လှူဒါန်း
Nov 28,2023
၂၀၂၃ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မိုးပေါ်ကျဘုံ ကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ လမ်း၊ ၁၂×၁၄ လမ်းကြားရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေးနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားများပြား
Nov 28,2023
တန်ဆောင်မုန်းလပြည့်အခါသမယနေ့ထူးနေ့မြတ်ကြီးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေးနှင့်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်း၌ ညနေ ၄ နာရီခွဲအချိန်ခန့်က စတင်ကျင်းပရာ ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားများပြားခဲ့သည်။
ရွှေတောင်မြို့နယ်တွင် (၃၉) ကြိမ်မြောက် (မိုးကျ) စုပေါင်းဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များ စုပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များဦးစီး၍ (၃၉)ကြိမ်မြောက်(မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများတွင် ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်းကား
Nov 28,2023
နိုဝင်ဘာလ ၂၇ ရက်နေ့သည် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ဖြစ်သည်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်းကားများပြားလျက်ရှိသည်။
စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီနှင့် ကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 28,2023
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်နှင့် မုလအိကျောင်း တိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲအား ယမန်နေ့ နံနက်ပိုင်းအချိန်က စုကလိမြို့ တာနောထကျေးရွာ မုလအိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမတွင် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊  အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်း‌ဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများ ရှိလာစေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့သည်။