သတင်းများ

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားနှင့် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးကုသပေးခြင်းကို ဖြူးမြို့နယ်၌ ပြုလုပ်
Nov 29,2023
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြုလုပ်သော မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားနှင့် လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မကူးစက်နိုင်သော ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Nov 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသားစာပေဆုရ စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားထားသည့် “စာဖတ်ခြင်းအနုပညာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 29,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပေါင်းတည်၌ စက်ရုံအလုပ်ရုံများတွင် ကျန်းမာရေးအသိပညာပေးကွင်းဆင်း ဆောင်ရွက်
Nov 29,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ နေရာအနှံ့အပြားသို့ ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲအခမ်းအနားပြုလုပ်
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊မြို့နယ်အားကစားခန်းမတွင် ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက် သစ်စားပွဲတော်နှင့်သက်ကြီး ဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ယမန်‌နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဝေလင်းနှင့်ဇနီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများတက်ရောက်အားပေးခဲ့‌သည်။
ပုဇွန်တောင်မြို့နယ်ရှိ ဈေးများ၌ ဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြသ
Nov 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဈေး၊ ရေကျော်ဈေးနှင့် လိပ်ကန်ဈေးတို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းကြပ်မတ်စစ်ဆေး
Nov 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်စေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ပုဇွန်တောင်ဈေးတွင် တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြပ်မတ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးဆောင်ရွက်
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်မှ စတင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့(ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။