သတင်းများ

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Nov 30,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေဖြူမြို့တွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 30,2023
ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရေဖြူမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အမျိုးသားဘောလုံးအသင်းနှင့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့်(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သာယာဝတီ၌ ၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Pre-conference Activities ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Nov 30,2023
၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှူးတို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ်အတွင်းရှိ ဆန်စက်များမှ အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သွားတိုက်နည်းစနစ် သင်ကြားပေးခြင်းနှင့် သွားနှင့်ခံတွင်းစစ်ဆေးကုသခြင်း၊ မျက်စိစမ်းသပ်ကုသခြင်း၊ ပိုးလောက်လန်းရှင်းလင်းခြင်းလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျွန်းကုန်ကျေးရွာတွင် ဆင်းရွှေကြာ (၂) နေကြာစံပြကွက်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Nov 30,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် ဆင်းရွှေကြာ (၂) နေကြာစံပြကွက်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Nov 30,2023
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသော လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်အတွင်းရှိ တရုတ်စုအခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် မြို့နယ်မျက်စိအထူးကုဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ကျန်းမာရေးစောင့်​ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာ၌ အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Nov 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် မြို့/ရွာ သန့်ရှင်းသာယာရေးအတွက် အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက (အ.မ.က) ချောင်းသာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ
Nov 30,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။