အင်္ဂပူ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊မြို့နယ်အားကစားခန်းမတွင် ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက် သစ်စားပွဲတော်နှင့်သက်ကြီး ဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ယမန်နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဝေလင်းနှင့်ဇနီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများတက်ရောက်အားပေးခဲ့သည်။
ရှေ့ဦးစွာ ပဘာတိမှ မင်္ဂလာမောင်း၃တီးပြီးအခမ်းနားဖွင့်လှစ်၍ ချင်းရိုရာပဆန်းဆရာက ရိုးရာမပျက် ရွတ်ဖတ် ပဆန်းဖွယ်ပြုလုပ်ခဲ့ပြီး သဘာပတိက မိန်းခွန်းပြောကြားခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝေလင်းတို့က နှုတ်ခွန်ဆက်စကားပြောကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းကောက်သစ်စားပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ အားရှင်းလင်းပြောခဲ့ပြီး ဝန်ကြီးချုပ်နှင်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က သက်ကြီးဘိုးဘွာများအာ ကန်တော့ ငွေများပေးအပ်ခဲ့သည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဆလိုင်အောင်ကိုကိုဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်အောင်မြို့နှင့် ကြံခင်းမြို့များမှ ချင်းတိုင်းရင်သား၊ တိုင်းရင်သူများက ဝါးညှပ်အက၊ ယိမ်းအကများဖြင့်ဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်ဇနီး၊ တိုင်းမှူးဇနီးနှင့် တာဝန်ရှိသူများက အကအဖွဲ့များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)