ပုဇွန်တောင် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်စေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ပုဇွန်တောင်ဈေးတွင် တာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြပ်မတ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ပုဇွန်တောင်ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥနှင့်အသား၊ ငါးများအား ပြည်သူများဝယ်ယူစားသောက်ရာတွင် အဆင်ပြေစေရန် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးရေး၊ ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်