သတင်းများ

ပင်လောင်းမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Nov 29,2023
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေပြီး အသိပညာ၊အတတ်ပညာနှင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး အချင်းချင်းရင်းနှီးချစ်ခင်မှုရှိပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသား၊ ကျောင်းသူများ​ဖြစ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးလီကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Nov 29,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
Nov 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အကြိုလှုပ်ရှားမှုအဖြစ် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က ပင်လောင်းမြို့နယ် အခြေခံပညအထက်တန်းကျောင်း အမှတ်(၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ အဆင့်မြင့်ဆန်စက် တန်(၂၀)ပုံပြောင်း ဆန်စက်အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 29,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးကို အားပေးမြှင့်တင်ပြီး ရည်မှန်းချက် ပန်းတိုင်အတိုင်း အထွက်နှုန်း ကောင်းမွန်ရေးတို့ကို ကူညီဆောင်ရွက်၍ နိုင်ငံတော်အတွက် ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ရမည် ဟူသည့် နိုင်ငံတော် ဦးတည်ချက် (၉) ရပ်ထဲမှ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာရှိ မြို့နယ်သမဝါယမအသင်းပိုင် ပုလဲ အမှတ် (၈) ဆန်စက်ဝန်းအတွင်း၌ ယနေ့ နံနက် (၉) နာရီခွဲက အဆင့်မြင့်ဆန်စက် တန်(၂၀)ပုံပြောင်း ဆန်စက်အသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်လူ့အခွင့်အရေး (Business and Human Rights) နှင့်ပတ်သက်သော ဆွေးနွေးပွဲကျင်းပ
Nov 29,2023
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား ယမန်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ တွေ့ဆုံခဲ့ကြသည်။
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်က မိုင်းကာကျေးရွာအုပ်စု၊ ပါခါးလုံကျေးရွာရှိ‌ သူကြီးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကချင်ပြည်နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအားကစားအဆောက်အအုံများ ကြည့်ရှုစစ်ဆေး
Nov 29,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ကချင်ပြည် နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခြေခံအားကစားအဆောက်အအုံများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်
Nov 29,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် Myanmar Public Health Conference (၂၀၂၃) မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ထိုးနှံပေးသည်။