သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်
Nov 30,2023
ရခိုင်ပြည်နယ် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Nov 30,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်တွင် ဘုရားပွဲတော်များနှင့် ပွဲလမ်းသဘင်များ စည်ကားလာ၍  ဈေးကွက်ရရှိနေသည့် ရောင်စုံစက္ကူအရုပ် လုပ်ငန်း
Nov 29,2023
မွန်ပြည်နယ်အတွင်းရှိ လူစည်ကားရာ ပွဲဈေးတန်းအရောင်းဆိုင်များနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် ခေတ်ပေါ်ပလတ်စတစ်အရုပ်များနှင့်အပြိုင် ရောင်းတန်းလှနေဆဲဖြစ်သည့် ရောင်စုံစက္ကူအရုပ်များကို ပွင့်လင်းရာသီဘုရားပွဲတော်များနှင့် ဇာတ်ပွဲသဘင်များစည်ကားလာ၍ ဈေးကွက်ရရှိနေကြောင်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှ ရောင်စုံစက္ကူအရုပ်လုပ်ငန်း လုပ်ကိုင်နေသူထံမှ သိရသည်။
လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 29,2023
လမ်းမတော်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီအချိန်က လမ်းမတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်လေးပင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဟန်း၊ သီလရှင်၊ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
Nov 29,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့" ဆောင်ပုဒ်နဲ့အညီ ယနေ့နံနက်(၁၁)နာရီက ပြွန်တန်ဆာဘိုးဘွားရိပ်သာ၌ ရဟန်း၊ သီလရှင်၊ ဘိုးဘွားများနှင့် ရိပ်သာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
Nov 29,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ
Nov 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ သက်ဝေ ရေးသားထားသည့် လူငယ်နှင့်အနာဂတ်ကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ပဲခူးမြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Nov 29,2023
ပဲခူးမြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။