သတင်းများ

မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV (Gender- Based Violence Campaign) အသိပညာပေးဟောပြောပွဲကျင်းပ
Nov 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် GBV (Gender- Based Violence Campaign) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူနှစ်ခြင်းနယ်အသင်းတော်များအဖွဲ့ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို ကျောင်းကျန်းမာရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပ
Nov 29,2023
"လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို ကျောင်းကျန်းမာရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စဉ့်ကိုင်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာ‌အေးအောင်နှင့်ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်များကို အခမဲ့ကွင်းဆင်း ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။
ကလောမြို့၌ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Nov 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၁၈) ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ၈ နာရီက ကလောမြို့ မောမြေဦးပန်းခြံ၊ မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
Nov 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလ (၆) ရက်နေ့၌ ကျရောက်မည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် သက်ငယ်မုဒိန်းမှုများ လျော့ကျရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 29,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးငယ်ရွယ်သူများအကြမ်းဖက်ခြင်း ကင်းဝေးစေရန်နှင့် သက်ငယ်မုဒိန်းမှုများ လျော့ကျစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး၊ ဆောင်းသီးနှံ (နေကြာ)၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) လျာထားချက်ဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန် အစည်းအဝေးပြုလုပ်
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး၊ ဆောင်းသီးနှံ (နေကြာ)၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) လျာထားချက်ဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် သီးနှံထွက်နှုန်းတိုးတက်ရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရန်အတွက် အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၏ မော်ဧရာအစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက် ခဲ့သည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Nov 29,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။