မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးယဉ်ပါးတီဘီကူးစက်ရောဂါ စစ်ဆေးသည့် Gene Xpert စက်ဖြင့် စစ်ဆေးကုသပေးလျက်ရှိ

ကြို့ပင်ကောက် နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးယဉ်ပါးတီဘီကူးစက်ရောဂါစစ်ဆေးသည့် Gene Xpert စက်ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ရောဂါရှာဖွေစစ်ဆေးကုသပေးလျက်ရှိကြာင်း မြို့နယ်ပြည်သူ့ဆေးရုံတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဆေးယဉ်ပါးတီဘီကူးစက်ရောဂါစစ်ဆေးသည့် Gene Xpert စက်ဖြင့် တစ်ကြိမ်တွင် လူနာလေးဦးအတွက် စစ်ဆေးရရှိနိုင်ပြီး စစ်ဆေးမှုကြာချိန် ၂ နာရီခန့်သာရှိကြောင်း ကြို့ပင်ကောက်မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ လူနာ ၁၈ ဦးအတွက် ရောဂါရှာဖွေစစ်ဆေး ပေးခဲ့ပြီးဖြစ်ကြောင်း ယခင်က သာယာဝတီမြို့တီဘီရောဂါ တိုက်ဖျက်ရေးဌာနသို့ သွားရာက်စစ်ဆေးခဲ့ရကြောင်း ယခုအချိန်တွင် အချိန်ကုန်ငွေကုန် သက်သာစွာဖြင့် မိမိတို့မြို့တွင် ရောဂါရှာဖွေစစ်ဆေးပေးနိုင်ပြီဖြစ်ကြာင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုးထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံတီဘီရောဂါတိုက်ဖျက်ရေးဌာနတွင် လက်ရှိဝေဒနာရှင် လေးဦးအား တာဝန်ယူကုသပေးလျက်ရှိပြီး ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ဆေးယဉ်ပါးတီဘီရောဂါ လူနာပေါင်း ၂၈ ဦးအား အခမဲ့ဆေးကုသပေးခဲ့ပြီးဖြစ်ကြာင်း တီဘီရောဂါတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇေယျာထွန်း