(၁၉)ကြိမ်မြောက် စဉ့်ကိုင်မြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

စဉ့်ကိုင်  နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၉)ကြိမ်မြောက် စဉ့်ကိုင်မြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး စဉ့်ကိုင်မြို့နယ်တိုက်သစ်ကျောင်းတိုက်ဆရာတော်ထံမှ (၈)ပါးသီလခံယူဆောက်တည်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ  အန္တရာယ် ကင်း မေတ္တာသုတ်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကထိန်လျာသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေ ၄၇၂၁၀၀၀ကျပ်အား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြသည်။ ၎င်းနောက် စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်၊ တိုက်သစ်ကျောင်း ဆရာတော်ထံမှ ကထိန် အနုမောဒနာ တရားတော်နာယူ၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရိယံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်း အနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး သံဃာ‌တော် အရှင်သူမြတ်များအား နေ့ဆွမ်းများနှင့် ခဲဖွယ်ဘောဇဉ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)