ညောင်ဦး နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ)စီမံကိန်းစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘော တူစာချုပ်ဆိုခြင်း အခမ်းအနားကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက နိုင်ငံ့စီးပွား မြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) စီမံကိန်းစိုက်ပျိုး ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘောတူစာချုပ်ဆိုခြင်းရခြင်းအကြောင်းအကျယ် တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လုပ်ငန်းရှင်များ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် တောင်သူအစုအဖွဲ့တို့မှ တစ်ဦးချင်း၊ တဖွဲ့ချင်းမိတ်ဆက် စကားပြောကြားကာ လုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘောတူစာချုပ်ကို ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့် အသိသက်သေများရှေ့ မှောက်တွင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဒီပါလင်း