မွန်​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်

​မော်လမြိုင် နိုဝင်ဘာ ၃၀

၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာ​ကော်မတီမှ ကြီးမှူးကျင်းပ​​သော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ည​နေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်​ရောက်သည်။

ဦးစွာ မသန်စွမ်းပြိုင်ပွဲဝင်အားကစားသမားများ၏ အမျိုးသား ဒူးအောက်တစ်ဖက်မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊  အမျိုးသားမီတာ(၁၀၀) လေးဘီးတပ်ဝှီးချဲ့တွန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးသည်။

ထို့​နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းဆုရ အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံအား​ပေးနှုတ်ဆက်ခဲ့သည်။

အဆိုပါ မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပြီး အားကစားနည်း (၂၇) မျိုးဖြင့် မွန်ပြည်နယ်မှ မသန်စွမ်းအားကစားသမား စုစု​ပေါင်း (၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ​ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)