တောင်ကုတ် နိုဝင်ဘာ ၃၀
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ဂရုဏာဆည်မှ ရေများကိုပေးဝေလျက်ရှိရာ ပင်မရေပိုက်လိုင်းမှာကွဲအက်ပျက်စီးသွားသဖြင့် အကြီးစားပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တပိတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
ကွဲအက်ပျက်စီးသွားသည့် ပင်မရေပိုက်လိုင်းမှာ အချင်း(၁)ပေရှိပြီး ကိုင်းရှည်တံတားဘေးတွင်ပျက်စီးနေသည့်အတွက် အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ရာ ဆောင်ရွက်နေစဉ်ကာလအတွင်း ရေပေးခြင်းကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းနှင့် ပြင်ဆင်ချိန် (၃)ရက်ခန့်ကြာမြင့် နိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ(နည်းပညာ)ဦးကျော်စွာသိန်း၏ Facebook တွင် လွှင့်တင်ထားကြောင်းသိရသည်။
ပင်မရေပိုက်လိုင်းပြင်ဆင်ချိန်(၃)ရက်ခန့်ကြာမြင့်နိုင်သော်လည်း ခန့်မှန်းရက်ထက် စောလျင်စွာပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဦးစီးအရာရှိ(နည်းပညာ) ဦးကျော်စွာသိန်းနှင့် ကျွမ်းကျင်လုပ်သားများမှ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်စိန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)