သတင်းများ

စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ (၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့နယ် ခေတ်မီစံပြမံရေးကျေးရွာ၌ အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Dec 01,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြ ကျေးရွာရှိလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၌ (Biometric) အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်
Dec 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric) အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျောင်းတိုက်၌ ယမန်နေ့က စတင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာ‌ရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Dec 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို၊ ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် GW-11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Dec 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြိုနယ်တွင် GW-11 မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ညောင်ကိုင်းကျေးရွာ ကွင်းအမှတ် ၈၅၅၊ ဦးပိုင်အမှတ် ၂၁/၂ ရရှိ တောင်သူ ဦးဝင်းအောင်၏ စိုက်ဧက နှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေး၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတက်ရောက်
Nov 30,2023
မွန်ပြည်နယ် မွန်ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး၊ ဖော်ထုတ်ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်သည်။
မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းသီးနှံစီမံကိန်းအတွက် သုံးဦးသုံးဖလှယ် သဘောတူစာချုပ်ချုပ်ဆို
Nov 30,2023
မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံ၍ သုံးဦးသုံးဖလှယ် သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။