သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Nov 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) ကျောင်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး
Nov 30,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ကံသာကျေးရွာအုပ်စု ကန်ကံသာကျေးရွာအနီးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်‌နှင့် (၁၂၄) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲတို့၏ အောင်ပွဲနှစ်ရပ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Nov 30,2023
၂၀၂၃ခုနှစ် နိုဝင်ဘာ ၂ဝ မှ ၂၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်‌နှင့် (၁၂၄) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲတို့၏ အောင်ပွဲနှစ်ရပ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ည ၈ နာရီက ရွှေဆံတော်စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပပြုလုပ်သည်။
ကျောက်ဆည်မြို့တွင် (၁၄၆၁၆၆၀၀၀)ကျပ်တန်ဖိုးရှိ အက်စီတုန်း၊ တော်လူးအင်း၊ ဆာလဖြူရစ် အက်စစ်များအား မြေမြှုပ်ဖျက်ဆီး
Nov 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့တွင် ယနေ့နံနက် (၁၀)နာရီအချိန်က အင်ဒိုင်း ကျေးရွာ၊ မင်းမွေးတောင်သုဿန်တွင် ကျောက်ဆည်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၂၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ခ)မှ ဖမ်းဆီးရမိသော (၁၄၆၁၆၆၀၀၀)ကျပ် တန်ဖိုးရှိထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော အက်စီတုန်း၊ တော်လူးအင်း၊ ဆာဖြူရစ်အက်စစ်များအားမြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးရွှေဦး၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ဒေသတွင်းဖမ်းဆီးရမိသော ထိန်းချုပ် ဓာတုပစ္စည်းများ လက်ခံဖျက်ဆီးရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ
Nov 30,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်​ပြီး အမှာစကားပြောကြားခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲပြုလုပ်
Nov 30,2023
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အ.လ.က.(ခွဲ)(၃) မိုင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲပြုလုပ် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်
Nov 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန မြို့နယ်လျှပ်စစ်ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးမီးများစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။